စစ်ကိုင်းဦးဖိုးသင်းရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနဲ့ကျော်ရင်မြင့်ရေးတဲ့ အရောင်သွေးစုံစုံ ဘ၀ဇာတ်ခုံ အဖုံဖုံ
စာအုပ်ဖတ်ဖြစ်ပါတယ်.. စစ်ကိုင်းဦးဖိုးသင်းရေးတဲ့စာတွေကို အရင်ကမဖတ်ဖူးပါဘူး.. လက်လှမ်းမမီခဲ့ဘူး ဆိုပါတော့.. သူ့စာအုပ်ကိုဖတ်ကြည့်မှ သူရေးတဲ့စာတွေအများကြီးရှိမှန်းသိရပါတယ်..သူ့ရဲ့စာရေးသားဟန်ကို
သဘောကျပါတယ်.. ပွင့်လင်းတယ်.. ဘုဂလန့်တော့နိုင်တယ်.. သူတို့ခေတ်ကပညာရေးကို သိရတယ်..
ဘုန်းကြီးကျောင်းမှာစာသင်ပြီး အဲဒီခေတ်က ခုနစ်တန်းကို ဘုန်းကြီးကျောင်းသား မောင်သင်းက စူးစမ်းစိတ်အင်မတန်ကြီးတာတွေ့ရပါတယ်.. ကိုယ်ငယ်ငယ်တုန်းကနဲ့များ ကွာပလို့ တွေးမိတယ်.. ကိုယ်သာသူ့နေရာမှာဆိုပညာတတ်-လူတစ်လုံးသူတစ်လုံး ဖြစ်လာဖို့ မလွယ်လှဘူး အောက်မေ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးဘိုးသင်းဆီကနေ နိုင်ငံရေးအကြံဥာဏ်တွေရခဲ့တယ်လို့ ခန့်မှန်းမိရတယ်..
ဦးခန္တီတန်ဆောင်းတွေဆောက်တာအပေါ်မှာ ဦးဘိုးသင်းရဲ့အမြင်က တစ်မျိုးပါ.. အင်္ဂလိပ်ခေတ်မှာ သူရေးတဲ့စာတွေဟာ နိုင်ငံရေးနဲ့ငြိတဲ့စာတွေဖြစ်လို့စာအုပ်အဖြစ်မထုတ်ဘဲ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ပြဌာန်းဖို့ပဲ
သူလုပ်ခဲ့ပါသတဲ့... လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တွေမှာလည်း သူရေးတဲ့စာအုပ်တွေဟာ နိုင်ငံပြုပြင်ရေး စာအုပ်တွေပါပဲ.. ဒါပေမယ့် စာရေးတဲ့အလုပ်ကို သူ့အိမ်မှာ ဟင်းရွက်ကန်စွန်း စိုက်တဲ့အလုပ်လောက်
အားမရမိပါဘူးတဲ့.. စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဟာ စားချင်တဲ့သူရှိနေသေးတယ်.. စားတဲ့သူရှိနေတယ်..
ပြောရရင် စားသုံးသူက အကျိုးရတယ်ပေါ့... သူရေးတဲ့စာတွေကတော့ ဖတ်သင့်တဲ့သူတွေ(ဥပမာ-
စီးပွားရေးသမားတွေ) မဖတ်ဘဲ စာရေးချင်တဲ့သူတွေကသာ ဖတ်သလိုဖြစ်နေတဲ့အတွက် စားသုံးသူဆီ တကယ်မရောက်ဘူး.. စာဖတ်သူက သူ့စာအုပ်ကနေ အကျိုးမရတဲ့အတွက် စာရေးတဲ့အလုပ်ကို ဟင်းသီးဟင်းရွက်စိုက်တဲ့အလုပ်လောက် အားမရပါဘူးလို့ ပြောထားပါတယ်... စာရေးဖို့တောင် အားလျော့သွားသလိုပဲ.. :)

ကျော်ရင်မြင့်ရဲ့စာအုပ်ကတော့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ အနုပညာနယ်ပယ်မှာ ထင်ရှား-မထင်ရှား ကြိုးစားရုန်းကန်နေတဲ့ သူတွေရဲ့အကြောင်းကို ရေးထားတာပါ.. မစိုးရိမ်တိုက်အုပ်ဆရာတော်၊ ရဲတိုက်၊
လေထီးဒေါ်မြရင်၊ မုံရွာက သစ်ပင်စိုက်နေတဲ့သူအကြောင်း.... စသဖြင့် လူအများကြီးရဲ့ အကြောင်းကို ဆောင်းပါးတိုလေးတွေ ရေးထားတာပါ.. မဆိုးပါဘူးလို့ပြောရပါမယ်.. ဘ၀မှာရုန်းကန်နေရတာ
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ အားသစ်တွေဖြစ်နိုင်ပါတယ်..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews