[Click Here To Read in Unicode...]

ငါ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ အရာရာကို ထားခဲ့ရတာပဲ
သူ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ ရဲရင့်လိုက်ရတာပါပဲ
(နွေနှင်း)

အခုအချိန်က ကျွန်တော့်ဘဝမှာ အရာရာကို အသစ်ကပြန်စတင်နေတဲ့အချိန် ဖြစ်တဲ့အတွက် အရင်က အသုံးပြုခဲ့ဖူးတဲ့ အရာတွေကို ပြောင်းလဲဖို့လုပ်နေပါတယ်.. ပထမဆုံးခြေလှမ်းအနေနဲ့ ကျွန်တော် အလုပ်လုပ်တဲ့ပုံစံကို ပြောင်းပစ်တယ်.. ဒုတိယခြေလှမ်းအနေနဲ့ ကျွန်တော့်ချစ်သူနဲ့ပတ်သက်တဲ့ အမြင်တွေကို ပြောင်းပစ်တယ်.. တတိယခြေလှမ်းအနေနဲ့ သိပ်စွဲလမ်းရတဲ့အရာတွေကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားတယ်.. တတိယခြေလှမ်းအတွက် ကိုယ်အချစ်ဆုံးအလေးစားဆုံးသူငယ်ချင်းရဲ့ အကူအညီကို ယူခဲ့ရတာပေါ့.. Let Go.. ဆိုတဲ့စကားလေးနဲ့ နောက်ဆက်တွဲ သူ ကိုယ့်အပေါ်ပေးလိုက်တဲ့ မှတ်ချက်လေးကို သတိထားမိသွားတဲ့အချိန်မှာ သိပ်စွဲလမ်းခဲ့တဲ့ အရာကို ဘဝထဲက ထုတ်ပယ်ပစ်မှရမယ်လို့ သဘောပေါက်ခဲ့တယ်.. ဘယ်လောက်စွဲလမ်းစွဲလမ်း အချိန်တန်ရင် ပြောင်းလဲပစ်ချထားခဲ့ရမှာပါပဲ.. အခုတစ်ခါလည်း ကိုယ်ကိုယ်တိုင်စာစီပြီး သိပ်ကိုနှစ်ခြိုက်သဘောကျခဲ့တဲ့ စကားစုကို ကိုယ့်ကိုယ်ကိုယ်ပြန်မြင်တဲ့ ကိုယ့်အမြင်တွေ ပြောင်းပစ်ဖို့အတွက် အမြဲမဟုတ်တောင် တစ်ခါတရံမှရောက်တဲ့ နေရာကနေ ဖယ်ပစ်ခဲ့ပါပြီ.. ဒီအတွက် အမှတ်တရအနေနဲ့ ဒီစာစုကို ရေးပါတယ်.. နောက်ဆယ်နှစ်ကြာတဲ့အထိ ဒီစာလေးကရှိနေဦးမယ်ဆိုရင် အဲဒီအချိန်ကျ ဒီအချိန်ရဲ့အဖြစ်အပျက်ကို ကိုယ့်ဖာသာ ပြုံးမိမယ်ထင်ပါတယ်..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews