ပြာရင့်မှောင်
ဖျတ်ခနဲ တစ်ချက်အလင်းနဲ့
ဆတ်ခနဲ ရှေ့ဆက်တိုး....။
အနားသတ်က ဖျော့တော့လွန်း
ခုချိန်ထိ မည်းမည်းမှောင်...။
တိတ်တဆိတ်ပျောက်သွားတော့မှာလား
အကြိမ်ကြိမ်စဉ်းစား...။
ပြာသလိုလိုနဲ့ ရင့်လွန်းတဲ့အမှောင်
တစ်ထောင့်တစ်နေရာက ဖျတ်ခနဲအလင်းတွေဝါးဝါးမျိုဆဲ
ဘယ်တော့များမှ လင်းချင်းမလဲ....။
နွေနှင်း(gcc-mdy)
18-Feb-2012
Labels: Poem
ရှေ့ဆက်စို့
တွဲလက်တွေ မလွှတ်တမ်း
အိပ်မက်တွေ အသက်သွင်းရအောင်...။
ယုံကြည်စမ်းချစ်သူ
ဒီခရီးခဲ မင်းရှိရင် ကိုယ်သွားရဲတယ်...။
ဆူးလမ်းဆိုလည်း ဆူးထွင်ရင်းလျှောက်
ပန်းခင်းတယ်ဆို ရနံ့အတူရှိုက်ရင်းလျှောက်
မဟောင်းသောအဖြစ်တွေ ပြန်ပြန်ပြောရင်း
မျက်လုံးတွေပိတ် ထာဝရအိပ်စက်တဲ့ထိချစ်မယ်။
နွေနှင်း(gcc-mdy)
Labels: Poem
Subscribe to:
Posts (Atom)