[Click Here To Read in Unicode...]
ချစ်ခြင်းပြယုဂ်ရှင်
=============
သိမ့်သိမ့်ညွှတ်ပျော်ရွှင်ခြင်းတွေ
မင်းအပြုံးတစ်ပွင့်ကနေ
သက်ဆင်းတယ်။
အေးငြိမ့်ငြိမ့်ကြည်နူးခြင်းတွေ
တောက်ပတဲ့မင်းအကြည့်ကနေ
ကြွေဆင်းတယ်။
နေကောင်းလား ချမ်းမြေ့ပါရဲ့လား
စကားတွေနဲ့မမေးသာလည်း
အနတ္တဂ္ဂမချစ်ခြင်းတွေနဲ့အေးချမ်းပါစေ
အန္တရာယ်ကင်းလို့ ဘေးရှင်းပါစေ။
နွေနှင်း (gcc-mdy)
2020-06-11
10:58 PM
=============
သိမ့်သိမ့်ညွှတ်ပျော်ရွှင်ခြင်းတွေ
မင်းအပြုံးတစ်ပွင့်ကနေ
သက်ဆင်းတယ်။
အေးငြိမ့်ငြိမ့်ကြည်နူးခြင်းတွေ
တောက်ပတဲ့မင်းအကြည့်ကနေ
ကြွေဆင်းတယ်။
နေကောင်းလား ချမ်းမြေ့ပါရဲ့လား
စကားတွေနဲ့မမေးသာလည်း
အနတ္တဂ္ဂမချစ်ခြင်းတွေနဲ့အေးချမ်းပါစေ
အန္တရာယ်ကင်းလို့ ဘေးရှင်းပါစေ။
နွေနှင်း (gcc-mdy)
2020-06-11
10:58 PM
ချစ်ခြင်းပြယုဂ်ရှင်
============
သက်ဆင်းတယ်။
ကြွေဆင်းတယ်။
နွေနှင်း (gcc-mdy)
2020-06-11
10:58 PM
Labels: Poem
အသက်ပြင်းတဲ့ညနေခင်း
=================
အဲဒီညနေခင်းပေါ့...
တစ်ဖျတ်ဖျတ်လျှပ် ဟင်းလင်းပြင်မယ်
ကိုင်မိကိုင်ရာ...
နာမည်ရေးထားတဲ့မှန်လေးတစ်ချပ်နဲ့..။
ဧည့်ထောက်ခံနာနတ်သီးစိပ်တွေက
ဝေ့ခနဲစူးစမ်းတဲ့
မျက်ဝန်းအကြည့်တွေလို
ခပ်စိမ်းစိမ်းဝါတာတာ...။
ရင်မှာယှက်ထားတဲ့လက်တွေနဲ့
မှေးစက်ပြေလျှော့မျက်တောင်ရှည်တွေက
Celine Dion ရဲ့ My Heart Will Go On သံစဉ်ထဲ
မျောလွင့်လို့ပါ....။
ဒီလိုနဲ့...
မထင်ဘဲ ရုတ်တရက်ဆင်လာတဲ့
အဲဒီညနေခင်းဟာ
အသက်ပြင်းနေခဲ့ရော့လားလေ......။
နွေနှင်း(gcc-mdy)

အသက်ပြင်းတဲ့ညနေခင်း
=================
အဲဒီညနေခင်းပေါ့...
ကိုင်မိကိုင်ရာ...
ခပ်စိမ်းစိမ်း ဝါတာတာ...။
မျောလွင့်လို့ပါ....။
ဒီလိုနဲ့...
အဲဒီညနေခင်းဟာ
နွေနှင်း(gcc-mdy)
9-Aug-2019
4:00 PM
Labels: Poem
ဖြေပေးပါ
================
မနက်ဖြန်နဲ့ မနေ့ကြား
အပြေးအလွှားသွား
ပူဆွေးခဲ့...
ပျော်ဖူးခဲ့...
ငေးမောခဲ့...
တွေးတောလျက်...
ဒီနေ့အတွက် အသက်ဆက်နေတာမေ့
ခပ်ထေ့ထေ့လှောင်ပြုံး..
အပြစ်ရှာမျက်လုံး...
မာနကိုတိုးတိုက်စကားတွေကြားမှာမော...
.....................
.....................
.....................
ကဲ....
ပြောကြည့်စမ်းပါ..
ဒါဟာ
ဘဝဆိုတာလား......။
ေနွေနှင်း
ဖြေ ပေးပါ....ဖြေပေးပါ
================
မနက်ဖြန်နဲ့ မနေ့ကြား
အပြေးအလွှားသွား
ပူဆွေးခဲ့...
ပျော်ဖူးခဲ့...
ငေးမောခဲ့...
တွေးတောလျက်...
ဒီနေ့အတွက် အသက်ဆက်နေတာမေ့
ခပ်ထေ့ထေ့လှောင်ပြုံး..
အပြစ်ရှာမျက်လုံး...
မာနကိုတိုးတိုက်စကားတွေကြားမှာမော...
.....................
.....................
.....................
ကဲ....
ပြောကြည့်စမ်းပါ..
ဒါဟာ
ဘဝဆိုတာလား......။
ေနွေနှင်း
=============
မနက်ဖြန်နဲ့ မနေ့ကြား
အပြေးအလွှားသွား
ပူဆွေးခဲ့...
ပျော်ဖူးခဲ့...
ငေးမောခဲ့...
တွေးတောလျက်...
အပြစ်ရှာမျက်လုံး...
.....................
.....................
.....................
ကဲ....
ပြောကြည့်စမ်းပါ..
ဒါဟာ ဘဝဆိုတာလား......။
နွေနှင်း(gcc-mdy)
Labels: Poem
ငါ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ အရာရာကို ထားခဲ့ရတာပဲ
သူ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ ရဲရင့်လိုက်ရတာပါပဲ
(နွေနှင်း)
အခုအချိန်က ကျွန်တော့်ဘဝမှာ အရာရာကို အသစ်ကပြန်စတင်နေတဲ့အချိန် ဖြစ်တဲ့အတွက် အရင်က အသုံးပြုခဲ့ဖူးတဲ့ အရာတွေကို ပြောင်းလဲဖို့လုပ်နေပါတယ်.. ပထမဆုံးခြေလှမ်းအနေနဲ့ ကျွန်တော် အလုပ်လုပ်တဲ့ပုံစံကို ပြောင်းပစ်တယ်.. ဒုတိယခြေလှမ်းအနေနဲ့ ကျွန်တော့်ချစ်သူနဲ့ပတ်သက်တဲ့ အမြင်တွေကို ပြောင်းပစ်တယ်.. တတိယခြေလှမ်းအနေနဲ့ သိပ်စွဲလမ်းရတဲ့အရာတွေကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားတယ်.. တတိယခြေလှမ်းအတွက် ကိုယ်အချစ်ဆုံးအလေးစားဆုံးသူငယ်ချင်းရဲ့ အကူအညီကို ယူခဲ့ရတာပေါ့.. Let Go.. ဆိုတဲ့စကားလေးနဲ့ နောက်ဆက်တွဲ သူ ကိုယ့်အပေါ်ပေးလိုက်တဲ့ မှတ်ချက်လေးကို သတိထားမိသွားတဲ့အချိန်မှာ သိပ်စွဲလမ်းခဲ့တဲ့ အရာကို ဘဝထဲက ထုတ်ပယ်ပစ်မှရမယ်လို့ သဘောပေါက်ခဲ့တယ်.. ဘယ်လောက်စွဲလမ်းစွဲလမ်း အချိန်တန်ရင် ပြောင်းလဲပစ်ချထားခဲ့ရမှာပါပဲ.. အခုတစ်ခါလည်း ကိုယ်ကိုယ်တိုင်စာစီပြီး သိပ်ကိုနှစ်ခြိုက်သဘောကျခဲ့တဲ့ စကားစုကို ကိုယ့်ကိုယ်ကိုယ်ပြန်မြင်တဲ့ ကိုယ့်အမြင်တွေ ပြောင်းပစ်ဖို့အတွက် အမြဲမဟုတ်တောင် တစ်ခါတရံမှရောက်တဲ့ နေရာကနေ ဖယ်ပစ်ခဲ့ပါပြီ.. ဒီအတွက် အမှတ်တရအနေနဲ့ ဒီစာစုကို ရေးပါတယ်.. နောက်ဆယ်နှစ်ကြာတဲ့အထိ ဒီစာလေးကရှိနေဦးမယ်ဆိုရင် အဲဒီအချိန်ကျ ဒီအချိန်ရဲ့အဖြစ်အပျက်ကို ကိုယ့်ဖာသာ ပြုံးမိမယ်ထင်ပါတယ်..

(နွေနှင်း)
ခုတလောမှာ ဆယ်တန်းတုန်းက Physics ဆရာပြောတာလေး အမှတ်ရပါတယ်.. အတန်းထဲက ပိန်ပိန်ပါးပါးဖြူဖြူသေးသေးနဲ့ စာတော်တဲ့ ကျောင်းသားတစ်ယောက်က ဆရာသင်တာကို အာရုံမထားသလိုမို့ သူ့ကိုဦးတည်ပြီး ပြောခဲ့တာပါ.. ဆရာပြောတာကို အတိအကျမဟုတ်ပေမယ့် ကျတော်မှတ်သားမိခဲ့သလောက်ကတော့ ဒီလိုပါ.. ဘဝမှာ ရပ်တည်ဖို့အတွက် ကိုယ်က ကိုယ်ကာယအားကို အသုံးပြု ပြီး ရှာဖွေစားနိုင်မယ့်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးတဲ့..ကိုယ်က ကာယအားနဲ့ ရှာဖွေနိုင်မယ့်သူမဟုတ်ရင် ဉာဏအားနဲ့ရှာစားနိုင်ဖို့အတွက် ပညာကိုတော့ ကြိုးကြိုးစားစား သင်သင့်တယ်လို့ ပြောပါတယ်.. သဘောကတော့ ကာယအားမစွမ်းရင် ဉာဏအားစွမ်း၊ ဉာဏအားမစွမ်းရင် ကာယအားတော့စွမ်း.. တစ်ခုခုမှာတော့ စွမ်းနေမှ လောကမှာ ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်မယ့်လူဖြစ်မယ်လို့ ဆရာ့ဆိုလိုရင်းကို သဘောပေါက်မိပါတယ်..
လောကထဲ ကျင်လည်ခဲ့ရတဲ့ ကိုယ့်သက်တမ်းနဲ့အမျှ လူတွေနဲ့ ကြုံဆုံလာရတဲ့အခါမှာ ဆရာ့စကားကို မကြာခဏ အမှတ်ရမိတယ်… ပြီးတော့ ကိုယ်ထပ်ဖြည့်ပြောချင်တာလေးတွေ ရှိလာတော့တယ်… ကာယအားနဲ့ဘဝရပ်တည်သည်ပဲဖြစ်စေ.. ဉာဏအားနဲ့ ဘဝရပ်တည်သည်ပဲ ဖြစ်စေ ကိုယ်ရော စိတ်ရော ကျန်းမာနေဖို့ လိုပါတယ်… တကယ်လို့ နှစ်ခုလုံးမစွမ်းရင်တောင် တစ်ခုခုက စွမ်းနေမှသာ ဘဝရပ်တည်ဖို့ သိပ်မခက်ခဲမှာပါ… ခန္ဓာကိုယ်မာသလားဆိုတော့လည်း မမာ.. စိတ်ဓာတ်မာသလားဆိုတော့လည်း မမာဆိုရင် အဲ့ဒီလူ လူလုပ်ဖို့မလွယ်ဘူးလို့သာ ပြောချင်တယ်… ငွေကြေးချမ်းသာတဲ့လူတွေအပါအဝင် လူတွေအားလုံးရဲ့ ဘဝဟာ ခက်ခဲပါတယ်.. သူများဘဝတွေက အင်မတန်လွယ်ကူပြီး ကိုယ့်ဘဝမှ လာခက်ခဲနေတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘဝကိုယ် မရပ်တည်ရခင်ကတည်းက မြင်တတ်ဖို့ လိုအပ်ပါတယ်.. ခက်ခဲတဲ့ဘဝကို ကျော်ဖြတ်ဖို့ ကိုယ်အား၊ ဉာဏ်အား၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စီမံတတ်မှု၊ မျှော်မြင်တတ်မှု၊ ဆင်ခြင်တတ်မှုနဲ့ အထူးသဖြင့် စိတ်ရှည်မှု လိုအပ်ပါတယ်…
ကျတော်ဆို မွေးကတည်းက ကျန်းမာလှတယ်မဟုတ်.. ကိုယ့်ရဲ့ကလေးဘဝဟာ ဆေးနဲ့ အသက်ဆက်ခဲ့ရတဲ့သူလို့ ပြောလို့ရပါတယ်… အသက်သုံးနှစ်လောက်မှာ အမေ့ဘက်က ကျတော့်ဘကြီးက ကျတော့်ကိုချီထားရင်း သတိထားမိလို့ ဆေးခန်းပြတော့ ကိုယ့်ရဲ့နှလုံးမှာ အပေါက်ပါတယ်လို့ သိရတယ်.. အဲဒါကလည်း အသက် ၁၂-၁၃ လောက်မှ သူ့အလိုလို ပိတ်ရင်ပိတ်၊ မပိတ်ရင်တော့ ခွဲစိတ်မှသာ အဆင်ပြေနိုင်မယ်.. အသက် ၁၂-၁၃ ထိ စောင့်ကြည့်ပါလို့ ဆရာဝန်က ပြောပါတယ်… ကျောင်းစနေတော့ ငှက်ဖျားဖျားလို့ တစ်ပတ်မှာ နှစ်ရက်ပဲ ကျောင်းတက်နိုင်ပါတယ်… ကိုယ်နဲ့ရွယ်တူ ကလေးတွေ ပြေးလွှားဆော့နေတဲ့အချိန်မှာ ကိုယ်က မပြေးနိုင်လို့ သူများဆော့တာ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတယ်..အဲလိုအခြေအနေတွေက ကိုယ်မှတ်မိလို့မဟုတ်ပါဘူး.. အမေပြောပြလို့ သိရတာပါ… အမေဟာ သူ့သမီးကို စိတ်ဓာတ်ရေးရာ ကြံ့ခိုင်အောင် ကောင်းကောင်းလေ့ကျင့်ပေးခဲ့တယ်.. ကိုယ့်ကိုယ်ကိုယ် ရောဂါသည်လို့တောင် မသိခဲ့ရဘူး..နှလုံးမှာ အပေါက်ပါတယ်၊ ကိုယ်က သိပ်အမောမခံနိုင်ဘူးဆိုပေမယ့် အရွယ်ကလေးနည်းနည်းရလာတဲ့အချိန်မှာ သူများလို ပြေးလွှားဆော့နိုင်ခဲ့တယ်… ကိုယ့်အဖေက ဝန်ထမ်း(အရာရှိမှ အရာရှိငယ်) ဖြစ်တဲ့အပြင် ကိုယ်တွေငယ်ငယ်ကဘာဖြစ်ဖြစ် ရှားပါးတဲ့အတွက် အစားအသောက်လည်း အကောင်းအမွန်တွေ စားခဲ့နိုင်လှတယ် မဟုတ်ဘူးရယ်.. ပြီးတော့ နှလုံးအတွက်လည်း ထူးခြားပြီး ဘာဆေးမှ စွဲစွဲမြဲမြဲသောက်ခဲ့ရတယ် မရှိခဲ့ဘူး.. ဆရာဝန်ပြောတဲ့ အသက် ၁၂-၁၃လောက်မှာလည်း ကိုယ့်ရဲ့နှလုံးအပေါက်က သူ့ဖာသာ ပိတ်မသွားခဲ့သလို ကိုယ့်မိသားစုအခြေအနေကလည်း ခွဲစိတ်နိုင်တယ်ဆိုတဲ့ အနေအထားလည်း မရှိခဲ့ဘူးရယ်... အမေ သေချာလုပ်ပေးနိုင်ခဲ့တာက အပြင်စာမစားစေခဲ့တာပဲ.. မုန့်ဆိုလည်း အိမ်မှာ လုပ်ကျွေးတယ်… ထမင်းဟင်းလည်း ကျန်းမာရေးနဲ့အညီ ချက်ကျွေးခဲ့တယ်.. အမေဟာ ကိုယ်တွေ့ဖူးသမျှ အမျိုးသမီးထဲမှာ အင်မတန်စိတ်မာတဲ့ အမျိုးသမီးဖြစ်လို့ ကိုယ့်ကိုစိတ်ဓာတ်ခွန်အားတွေ အများကြီး ပေးခဲ့တယ်.. နောက်တစ်ခုက ဘာသာရေးနဲ့ စိတ်ဓာတ်တည်ဆောက်ခြင်းကို အမေက ကောင်းကောင်းမျိုးစေ့ချပေးနိုင်ခဲ့တာပါ.. ဒီတော့ သူငယ်ချင်းတွေကြားမှာ ကိုယ့်နှလုံးမကောင်းဘူးဆိုတာ သိသူအင်မတန်နည်းပါတယ်.. ကျတော့်နှုတ်ကလည်း ဖွင့်မပြောခဲ့ပါဘူး.. ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ချင်တဲ့သူဆိုပါတော့လေ... သူငယ်ချင်းတွေကလည်း သူတို့ထက်တောင် ကိုယ်ကမာသလိုဖြစ်နေလို့ ကိုယ့်ကို ရောဂါသည်လို မမြင်ခဲ့ကြဘူး.. အမှန်တော့ စိတ်ဆောင်လို့သာ လူရွေ့နေခဲ့တာပါ.. အင်မတန်ဆိုးရွားတဲ့ နှလုံးရောဂါမျိုး မဟုတ်ခဲ့တာလည်း ကိုယ့်အတွက် ခံသာနေခဲ့တယ်… ဒီလိုနည်းနဲ့ အသက်ဘယ်လောက်ထိနေရမယ်လို့တော့ မမှန်းတတ်ဘူး..
ဒါပေမယ့် ကိုယ်နေနိုင်သလောက်မှာ တွေ့သမျှအခက်အခဲ အသေအချာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်အင်အားမွေးထားပါမယ်.. မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ အကူအညီကိုယူရင်းနဲ့ ဘဝခရီးကို ဆက်နိုင်သလောက် ဆက်ပါ့မယ်.. ခန္ဓာကိုယ်မစွမ်းဘူးလား.. စိတ်ဓာတ်ကို စွမ်းအောင်တော့လုပ်ထားလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေတယ်.. ဟုတ်ကဲ့.. ဒီစာကို ကျတော့်ဘဝရဲ့ အခက်အခဲဆုံးအချိန်မှာ ကိုယ်ဖြတ်ကျော်နိုင်ခဲ့တဲ့ အခက်အခဲတွေကို ပြန်မြင်ရင်း၊ ကိုယ့်ကိုယ်ကိုအားပေးရင်း အမှတ်တရရေးတာပါ..

ခုတလောမှာ ဆယ်တန်းတုန်းက Physics ဆရာပြောတာလေး အမှတ်ရပါတယ်.. အတန်းထဲက ပိန်ပိန်ပါးပါးဖြူဖြူသေးသေးနဲ့ စာတော်တဲ့ ကျောင်းသားတစ်ယောက်က ဆရာသင်တာကို အာရုံမထားသလိုမို့ သူ့ကိုဦးတည်ပြီး ပြောခဲ့တာပါ.. ဆရာပြောတာကို အတိအကျမဟုတ်ပေမယ့် ကျတော်မှတ်သားမိခဲ့သလောက်ကတော့ ဒီလိုပါ.. ဘဝမှာ ရပ်တည်ဖို့အတွက် ကိုယ်က ကိုယ်ကာယအားကို အသုံးပြု ပြီး ရှာဖွေစားနိုင်မယ့်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးတဲ့..ကိုယ်က ကာယအားနဲ့ ရှာဖွေနိုင်မယ့်သူမဟုတ်ရင် ဥာဏအားနဲ့ရှာစားနိုင်ဖို့အတွက် ပညာကိုတော့ ကြိုးကြိုးစားစား သင်သင့်တယ်လို့ ပြောပါတယ်.. သဘောကတော့ ကာယအားမစွမ်းရင် ဥာဏအားစွမ်း၊ ဥာဏအားမစွမ်းရင် ကာယအားတော့စွမ်း..
လောကထဲ ကျင်လည်ခဲ့ရတဲ့ ကိုယ့်သက်တမ်းနဲ့အမျှ လူတွေနဲ့ ကြုံဆုံလာရတဲ့အခါမှာ ဆရာ့စကားကို မကြာခဏ အမှတ်ရမိတယ်… ပြီးတော့ ကိုယ်ထပ်ဖြည့်ပြောချင်တာလေးတွေ ရှိလာတော့တယ်… ကာယအားနဲ့ဘဝရပ်တည်သည်ပဲဖြစ်စေ.. ဥာဏအားနဲ့ ဘဝရပ်တည်သည်ပဲ ဖြစ်စေ ကိုယ်ရော စိတ်ရော ကျန်းမာနေဖို့ လိုပါတယ်… တကယ်လို့ နှစ်ခုလုံးမစွမ်းရင်တောင် တစ်ခုခုက စွမ်းနေမှသာ ဘဝရပ်တည်ဖို့ သိပ်မခက်ခဲမှာပါ… ခန္ဓာကိုယ်မာသလားဆိုတော့လည်း မမာ.. စိတ်ဓာတ်မာသလားဆိုတော့လည်း မမာဆိုရင် အဲ့ဒီလူ လူလုပ်ဖို့မလွယ်ဘူးလို့သာ ပြောချင်တယ်… ငွေကြေးချမ်းသာတဲ့လူတွေအပါအဝင် လူတွေအားလုံးရဲ့ ဘဝဟာ ခက်ခဲပါတယ်.. သူများဘဝတွေက အင်မတန်လွယ်ကူပြီး ကိုယ့်ဘဝမှ လာခက်ခဲနေတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘဝကိုယ် မရပ်တည်ရခင်ကတည်းက မြင်တတ်ဖို့ လိုအပ်ပါတယ်.. ခက်ခဲတဲ့ဘဝကို ကျော်ဖြတ်ဖို့ ကိုယ်အား၊ ဥာဏ်အား၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စီမံတတ်မှု၊ မျှော်မြင်တတ်မှု၊ ဆင်ခြင်တတ်မှုနဲ့ အထူးသဖြင့် စိတ်ရှည်မှု လိုအပ်ပါတယ်…

[Click here to Read in Unicode...]
အထီးကျန်ရာသီ
နှင်းစက်ထက် အေးစက်ခဲ့
ငါ့အချစ် နိုဝင်ဘာ
သူစိမ်းတစ်ရံဆံတဲ့ ဒီဇင်ဘာလက်မှာ
ငါ့ကို မျက်နှာလွှဲထားခဲ့ပြန်ပြီ...။
ငိုတတ်သူ မုန့်ပိုရတဲ့လောက
မျိုသိပ်တတ်တဲ့ ငါ့အတွက်
ဆာလောင်ခြင်းတွေ နှိပ်စက်လည်း
ရပါတယ်လေ...လို့
အသာအယာပြုံး...
နေတတ်အောင် နေခဲ့ပါရဲ့လေ..။
နွေနှင်း(gcc-mdy)
25 Dec, 2015
နှင်းစက်ထက် အေးစက်ခဲ့
ငါ့အချစ် နိုဝင်ဘာ
သူစိမ်းတစ်ရံဆံတဲ့ ဒီဇင်ဘာလက်မှာ
ငါ့ကို မျက်နှာလွှဲထားခဲ့ပြန်ပြီ...။
ငိုတတ်သူ မုန့်ပိုရတဲ့လောက
မျိုသိပ်တတ်တဲ့ ငါ့အတွက်
ဆာလောင်ခြင်းတွေ နှိပ်စက်လည်း
ရပါတယ်လေ...လို့
အသာအယာပြုံး...
နေတတ်အောင် နေခဲ့ပါရဲ့လေ..။
နွေနှင်း(gcc-mdy)
25 Dec, 2015
အထီးက်န္ရာသီ
ငါ့အချစ် နိုဝင်ဘာ
ရပါတယ်လေ...လို့
အသာအယာပြုံး...
နွေနှင်း(gcc-mdy)နှင်းစက်ထက် အေးစက်ခဲ့
ငါ့အချစ် နိုဝင်ဘာ
ရပါတယ်လေ...လို့
အသာအယာပြုံး...
Labels: Poem
[Click here to Read in Unicode...]
ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတိုင်း ကိုယ်မြင်တဲ့အရာဟာ အမှန်လို့ တစ်ထစ်ချဆုံးဖြတ်နိုင်ပြီလို့ ယူဆမိသလား။ ဒါဆို အများအသွားအလာလုပ်နေတဲ့ လမ်းမကြီးတစ်ခုရဲ့ နံဘေးရပ်လိုက်ပါ။ ပြီးတော့ ကိုယ်ရပ်နေတဲ့ လမ်းရဲ့ တစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်ပါ။ အဲဒီဘက်ခြမ်းက လမ်းက ကိုယ်ရပ်နေတဲ့ဘက်ကလမ်းထက် ပိုကျဉ်းတယ်လို့ မြင်လိမ့်မယ်။ ကိုယ်က လမ်းအကျယ်ကြီးရသယောင်ပေါ့လေ။ တကယ်က ပိုကျဉ်းတာမဟုတ်။ အကျယ်က ညီတူညီမျှလောက်ပဲဆိုတာကိုမြင်ရဖို့ အပေါ်စီးကနေလှမ်းကြည့်နိုင်မယ့် အနေအထားလိုအပ်တာ။ ဒါပေမယ့် လမ်းနံဘေးကရပ်ကြည့်လို့ တစ်ဖက်ခြမ်းလမ်းက ကိုယ့်ဘက်ခြမ်းထက် ပိုကျဉ်းတယ်လို့ မြင်နေတာလည်း အမှန်ပဲ။ ဆိုတော့ ကိုယ့်မျက်စိနဲ့မြင်တိုင်း ကိုယ်မြင်တာဟာ အမှန်လို့ ဆုံးဖြတ်မရတဲ့အခြေအနေတွေရှိနေပါတယ်။ ဒီလိုမျိုး လမ်းကိုကြည့်တဲ့ကိစ္စလေးမှာတောင် အမှန်ကိုမြင်နိုင်ဖို့ အပေါ်စီးကနေကြည့်တတ်ဖို့၊ ကြည့်နိုင်ဖို့လိုအပ်နေရင် ကျွန်တော်တို့နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်အလုပ်နဲ့ပတ်သက်ရတဲ့လူတွေရဲ့ သဘောထား၊ စိတ်ထားကို အမှန်နဲ့အနီးစပ်ဆုံး မြင်တတ်အောင်ကြိုးစားဖို့ လိုပါတယ်။ အဲ အမှန်ကိုသိအောင် ကြိုးစားဖို့အခွင့်အရေးလုံးဝမရှိတော့ဘူး (ဒါမှမဟုတ်) လုံးဝမလိုအပ်တော့ဘူး ဆိုရင်တော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အကြံပေးဖူးသလိုပဲ ကိုယ်စိတ်ချမ်းသာသလိုသာ တွေးလိုက်တာ ကိုယ့်အတွက် စိတ်ပင်ပန်းမှု အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ပေါ်လီယာနာအတွေးလို့ပဲဆိုဆို ၊ ယောနိသော မနဿိကာယလို့ပဲ ပြောပြော၊ အကောင်းမြင်စိတ်ပဲသတ်မှတ် သတ်မှတ် ကိုယ့်လက်ထဲမရှိတဲ့ အချို့သောကိစ္စတွေအတွက် ကိုယ့်စိတ်သက်သာအောင် စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။
Labels: Thoughts
[Click here to Read in Unicode...]
ကျွန်တော်ချစ်တဲ့မြို့
အဲဒီမြို့....
အဟောင်းတွေနဲ့ ချစ်စရာ့မြို့
ဓလေ့အကောင်းတွေ တော်တော်များများ
ကျန်ရစ်နေသေးတဲ့မြို့..။
ဒါပေမယ့်...
အဟောင်းကိုချစ်လွန်းလို့
အပြောင်းအလဲလုပ်ရမှာ ကြောက်တဲ့မြို့..။
တို့ပြည်ရဲ့ ဒုတိယမြို့တော်ဟောင်းဖြစ်ပြီး
နည်းပညာမှာ နောက်ကျနေခဲ့တဲ့မြို့
ကလေးကြီးတွေများတဲ့မြို့..။
အဲဒီမြို့ကို
ကျနော်ချစ်နေတုန်းပဲ...
ဒါပေမယ့်
အဟောင်းတွေထဲက ပြောင်းစရာ...
အတွေးအခေါ်တွေ
အလုပ်အကိုင်တွေ
အနာဂတ်အတွက်အမြော်အမြင်တွေ
ပံ့ပိုးမှုတွေ
သူများမြို့တွေထက်
ပိုဖြစ်စေချင်မိတဲ့မြို့....။
အဲဒီ...မန္တလေးမြို့။
နွေနှင်း(gcc-mdy)
၁၆.၆.၂၀၁၅

အဲဒီမြို့....
ဒါပေမယ့်...
အဲဒီမြို့ကို
ကျနော်ချစ်နေတုန်းပဲ...
ဒါပေမယ့်
အတွေးအခေါ်တွေ
အလုပ်အကိုင်တွေ
ပံ့ပိုးမှုတွေ
သူများမြို့တွေထက်
အဲဒီ...မန္တလေးမြို့။
နွေနှင်း(gcc-mdy)
၁၆.၆.၂၀၁၅အဟောင်းတွေနဲ့ ချစ်စရာ့မြို့

အိပ်မက်ရဲ့အဆုံး
======================
ကြွေလွင့်တော့မယ့်နောက်....
ကြွေလွင့်နေဆဲ...နောက်
ကြွေလွင့်သွားပြီးသည်နောက်....
ရှင်သန်ခြင်း
သေဆုံးခြင်း
ချစ်ခြင်း
မုန်းခြင်း
ချီးမွမ်းခြင်း
ကဲ့ရဲ့ခြင်း
ပျော်ရွှင်ခြင်း
ဝမ်းနည်းခြင်း
ကြင်နာခြင်း
ရက်စက်ခြင်း
ဖြစ်ခြင်း
ပျက်ခြင်း
အရာရာသည်
အိပ်မက်ကမ္ဘာမှာသာ ချန်ခဲ့ရလေသည်.........။
နွေနှင်း
၂၇ ဇွန်၊ ၂၀၁၄။

ဒီစကားက ကျနော့်ဘဝထဲ ကြုံဆုံခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ စကားပေါ့..
သူ့ပတ်ဝန်းကျင်က လူတစ်ယောက်(ကျနော်ကိုယ်တိုင်ပဲဖြစ်စေ) ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေရင်၊ တခြားဘယ်သူ့အတွက်မှ ထည့်မတွက်တတ်ရင် စတဲ့.. ငါ့ဖို့ ငါ့အတွက် ငါအတွက်သာလျှင် အသက်ရှင်မယ်... ဆိုတဲ့အတွေးမျိုး ဝင်လာပြောလာခဲ့ရင် ဒီလိုမှတ်ချက်ချပါတယ်... သူ့မှတ်ချက် ဘယ်လောက်မှန်တယ် မမှန်ဘူး မပြောချင်ပါဘူး........
နှစ်အတော်ကြာကြာကနေ ခုချိန်ထိ ကြုံခဲ့ဆုံခဲ့ ဖြတ်သန်းခဲ့တဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေရော ၊ တဖျတ်ဖျတ် ပြောင်းလဲဖြစ်ပျက်နေတဲ့ စိတ်အတွေးအလျဉ်တွေရော သေချာပြန် ကြည့်တဲ့အခါ ကျနော်အပါအဝင်လူတွေရဲ့ လှောင်ပြုံးပြုံးချင်စရာ တစ်ခုတွေ့ပါတယ်..... ဒါကိုတွေ့လိုက်ရတဲ့အချိန် ဒါမှ လူပီသတာဆိုတဲ့စကားကို အမှတ်ရမိတယ်....
ကိုယ်နဲ့ထိစပ်ပတ်သက်နေရတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက် ငွေကြေး၊ ပညာ၊ အောင်မြင်မှု... တစ်ခုခုမှာ သာလွန်တဲ့လူတွေ ရှိနေပြီဆိုပါတော့... အဲဒီအချိန်မှာ အများစုဟာ ကိုယ်အထင်ကြီးရာ၊ တန်ဖိုးထားရာအလိုက် ကိုယ့်ထက်သာလွန်တယ်လို့ ထင်ထားတဲ့သူက ကိုယ့်အတွက် တစ်ခုခုလုပ်ပေးခဲ့ရင် အရမ်းကို ကျေးဇူးတွေ ပစ်တင်နေမိတော့တယ်... ဟယ် သူက ငါ့လိုလူကို ဒီလိုတောင် လုပ်ပေးတယ်... ပြောပေးတယ်... ပြုံးပြတယ်... နှုတ်ဆက်တယ်.. ဘာညာပေါ့လေ...
ဒါပေမယ့် ကိုယ့်ထက် နိမ့်တယ်လို့ သတ်မှတ်ထားတဲ့သူ ၊ ဒါမှမဟုတ် သာမန်ပဲလို့ ကိုယ်ထင်တဲ့သူက ကိုယ့်ကို မျက်မှန်းတန်းမိလို့ပဲဖြစ်ဖြစ် ပြုံးပြနှုတ်ဆက်ရင် ဒါမှမဟုတ် တစ်ခုခု လုပ်ပေးခဲ့ရင် ဒါဟာ လုပ်ပေးသင့်တယ်လို့ တွေးတတ်ကြတယ်... ကိုယ့်ထက်သာတယ်ထင်တဲ့သူဆီက တစ်ခုခုလက်ခံရရှိတာနဲ့ ကိုယ်နဲ့တန်းတူ - ဒါမှမဟုတ် ကိုယ့်ထက်အဆင့်နိမ့်တယ်လို့ သတ်မှတ်ထားတဲ့သူဆီက တစ်ခုခုကိုလက်ခံရရှိတာ.. လက်ခံရရှိတဲ့အရာချင်းတူရင်တောင် ကိုယ်ထက်သာတယ်လို့ တွေးထားမိတဲ့သူကို ပိုကျေးဇူးတင်တတ်ကြတယ်... ကြည့်စမ်း သူ့အဆင့်နဲ့ ငါ့ကို ဒီလောက်တောင် လုပ်ပေးတယ်ဆိုပြီး ပိုပျော် ပိုကျေးဇူးတင် တစ်သက်လုံးတောင် အမှတ်တရရ ဖြစ်နေဦးမယ်...
ကျနော်ကရော... ဘယ်လိုလူမျိုးတွေဆီကနေ ဘာတွေမျှော်လင့်ဖူးပြီး ဘာတွေ ရရှိဖူးလဲ... ဘယ်လောက်ပျော်ဖူးလဲတွေးကြည့်တော့....
အကျင့်စာရိတ္တအရ၊ အတွေးအခေါ်အနေအထိုင်အရ ကျနော်ချစ်ခင်လေးစားရတဲ့သူတွေဆီက ဂရုစိုက်တဲ့စကားလေးတစ်ခွန်းရခဲ့ရင် အတော်ကို မှတ်မှတ်ရရ ပျော်မိတယ်.... ကျန်တဲ့အပိုင်းကတော့ ငွေကြေး-အာဏာရှိတဲ့သူ ကိုယ့်ကို တစ်ခုခု လုပ်ပေးတယ်ဆိုရင်တောင် အဲလိုလုပ်ပေးဖို့ ကိုယ်က ထိုက်တန်နေလို့သာ လုပ်ပေးတယ်ပဲ မှတ်ပါတယ်... (ကျေးဇူးမတင်ဘူးလို့ မဆိုလို)... ဘယ်အရာဖြစ်ဖြစ် အလကားမရဘူးဆိုတဲ့ အတွေးမျိုးနဲ့ ရှင်သန်လာတဲ့လူတစ်ယောက်မှာ ဘယ်နေရာမှာဖြစ်ဖြစ် အယူရှိလို့ အပေးရှိတယ်.... အပေးရှိလို့ အယူရှိတယ်လို့ အချိန်တော်တော်များများမှာ တွေးရင်း.... ကိုယ့်ထက်သာတယ်ထင်သူများရဲ့ ကိုယ့်အတွက် တစ်ခုခု ပေးကမ်းတာအပေါ် အပျော်ကြီးပျော်.. တတ်တဲ့ လူ့မနောလေးကို လှောင်ပြုံး ပြုံးတတ်လာခဲ့တယ်..... အဲလိုလှောင်တတ်တာလည်း လူပီသတာပဲ ထင်တယ်နော့...

Subscribe to:
Posts (Atom)