[Click here to Read in Unicode...]
ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတိုင်း ကိုယ်မြင်တဲ့အရာဟာ အမှန်လို့ တစ်ထစ်ချဆုံးဖြတ်နိုင်ပြီလို့ ယူဆမိသလား။ ဒါဆို အများအသွားအလာလုပ်နေတဲ့ လမ်းမကြီးတစ်ခုရဲ့ နံဘေးရပ်လိုက်ပါ။ ပြီးတော့ ကိုယ်ရပ်နေတဲ့ လမ်းရဲ့ တစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်ပါ။ အဲဒီဘက်ခြမ်းက လမ်းက ကိုယ်ရပ်နေတဲ့ဘက်ကလမ်းထက် ပိုကျဉ်းတယ်လို့ မြင်လိမ့်မယ်။ ကိုယ်က လမ်းအကျယ်ကြီးရသယောင်ပေါ့လေ။ တကယ်က ပိုကျဉ်းတာမဟုတ်။ အကျယ်က ညီတူညီမျှလောက်ပဲဆိုတာကိုမြင်ရဖို့ အပေါ်စီးကနေလှမ်းကြည့်နိုင်မယ့် အနေအထားလိုအပ်တာ။ ဒါပေမယ့် လမ်းနံဘေးကရပ်ကြည့်လို့ တစ်ဖက်ခြမ်းလမ်းက ကိုယ့်ဘက်ခြမ်းထက် ပိုကျဉ်းတယ်လို့ မြင်နေတာလည်း အမှန်ပဲ။ ဆိုတော့ ကိုယ့်မျက်စိနဲ့မြင်တိုင်း ကိုယ်မြင်တာဟာ အမှန်လို့ ဆုံးဖြတ်မရတဲ့အခြေအနေတွေရှိနေပါတယ်။ ဒီလိုမျိုး လမ်းကိုကြည့်တဲ့ကိစ္စလေးမှာတောင် အမှန်ကိုမြင်နိုင်ဖို့ အပေါ်စီးကနေကြည့်တတ်ဖို့၊ ကြည့်နိုင်ဖို့လိုအပ်နေရင် ကျွန်တော်တို့နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်အလုပ်နဲ့ပတ်သက်ရတဲ့လူတွေရဲ့ သဘောထား၊ စိတ်ထားကို အမှန်နဲ့အနီးစပ်ဆုံး မြင်တတ်အောင်ကြိုးစားဖို့ လိုပါတယ်။ အဲ အမှန်ကိုသိအောင် ကြိုးစားဖို့အခွင့်အရေးလုံးဝမရှိတော့ဘူး (ဒါမှမဟုတ်) လုံးဝမလိုအပ်တော့ဘူး ဆိုရင်တော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အကြံပေးဖူးသလိုပဲ ကိုယ်စိတ်ချမ်းသာသလိုသာ တွေးလိုက်တာ ကိုယ့်အတွက် စိတ်ပင်ပန်းမှု အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ပေါ်လီယာနာအတွေးလို့ပဲဆိုဆို ၊ ယောနိသော မနဿိကာယလို့ပဲ ပြောပြော၊ အကောင်းမြင်စိတ်ပဲသတ်မှတ် သတ်မှတ် ကိုယ့်လက်ထဲမရှိတဲ့ အချို့သောကိစ္စတွေအတွက် ကိုယ့်စိတ်သက်သာအောင် စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။
ကိုယ့္မ်က္စိနဲ႕ တပ္အပ္ျမင္လိုက္ရတိုင္း ကိုယ္ျမင္တဲ့အရာဟာ အမွန္လို႕ တစ္ထစ္ခ်ဆုံးျဖတ္ႏိုင္ၿပီလို႕ ယူဆမိသလား။ ဒါဆို အမ်ားအသြားအလာလုပ္ေနတဲ့ လမ္းမႀကီးတစ္ခုရဲ႕ နံေဘးရပ္လိုက္ပါ။ ၿပီးေတာ့ ကိုယ္ရပ္ေနတဲ့ လမ္းရဲ႕ တစ္ဖက္ျခမ္းကို လွမ္းၾကည့္လိုက္ပါ။ အဲဒီဘက္ျခမ္းက လမ္းက ကိုယ္ရပ္ေနတဲ့ဘက္ကလမ္းထက္ ပိုက်ဥ္းတယ္လို႕ ျမင္လိမ့္မယ္။ ကိုယ္က လမ္းအက်ယ္ႀကီးရသေယာင္ေပါ့ေလ။ တကယ္က ပိုက်ဥ္းတာမဟုတ္။ အက်ယ္က ညီတူညီမွ်ေလာက္ပဲဆိုတာကိုျမင္ရဖို႕ အေပၚစီးကေနလွမ္းၾကည့္ႏိုင္မယ့္ အေနအထားလိုအပ္တာ။ ဒါေပမယ့္ လမ္းနံေဘးကရပ္ၾကည့္လို႕ တစ္ဖက္ျခမ္းလမ္းက ကိုယ့္ဘက္ျခမ္းထက္ ပိုက်ဥ္းတယ္လို႕ ျမင္ေနတာလည္း အမွန္ပဲ။ ဆိုေတာ့ ကိုယ့္မ်က္စိနဲ႕ျမင္တိုင္း ကိုယ္ျမင္တာဟာ အမွန္လို႕ ဆုံးျဖတ္မရတဲ့အေျခအေနေတြရွိေနပါတယ္။ ဒီလိုမ်ဳိး လမ္းကိုၾကည့္တဲ့ကိစၥေလးမွာေတာင္ အမွန္ကိုျမင္ႏိုင္ဖို႕ အေပၚစီးကေနၾကည့္တတ္ဖို႕၊ ၾကည့္ႏိုင္ဖို႕လိုအပ္ေနရင္ ကၽြန္ေတာ္တို႕ေန႕စဥ္ထိေတြ႕ဆက္ဆံေနရတဲ့ ကိုယ့္မိသားစု၊ ကိုယ့္သူငယ္ခ်င္း၊ ကိုယ့္အလုပ္က လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ကိုယ့္အလုပ္နဲ႕ပတ္သက္ရတဲ့လူေတြရဲ႕ သေဘာထား၊ စိတ္ထားကို အမွန္နဲ႕အနီးစပ္ဆုံး ျမင္တတ္ေအာင္ႀကိဳးစားဖို႕ လိုပါတယ္။ အဲ အမွန္ကိုသိေအာင္ ႀကိဳးစားဖို႕အခြင့္အေရးလုံးဝမရွိေတာ့ဘူး (ဒါမွမဟုတ္) လုံးဝမလိုအပ္ေတာ့ဘူး ဆိုရင္ေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ အႀကံေပးဖူးသလိုပဲ ကိုယ္စိတ္ခ်မ္းသာသလိုသာ ေတြးလိုက္တာ ကိုယ့္အတြက္ စိတ္ပင္ပန္းမႈ အနည္းဆုံးျဖစ္ပါလိမ့္မယ္။ ေပၚလီယာနာအေတြးလို႕ပဲဆိုဆို ၊ ေယာနိေသာ မနႆိကာယလို႕ပဲ ေျပာေျပာ၊ အေကာင္းျမင္စိတ္ပဲသတ္မွတ္ သတ္မွတ္ ကိုယ့္လက္ထဲမရွိတဲ့ အခ်ဳိ႕ေသာကိစၥေတြအတြက္ ကိုယ့္စိတ္သက္သာေအာင္ စိတ္ထားတတ္ဖို႕ လိုအပ္ပါတယ္။
Labels: Thoughts
0 Comments:
Subscribe to:
Post Comments (Atom)