“ကျွန်တော်၏ သူ”
သူ၏ မျက်လုံးတို့ သည် ကျယ်၏။ ကြီး၏ ။ မျက်တောင်တို့ ရှည်စင်း၏။ သူ့ တစ်ကိုယ်လုံးတွင် အလှဆုံးက မျက်လုံးဖြစ်သည်။ သို့ သော် ကျွန်တော်သဘောကျသော ထိုမျက်လုံးတွေကို သူကိုယ်တိုင်က မကြိုက်ပါ။ မျက်လုံးရှေ့တွင် မျက်မှန်မပါလျှင် ဘာကိုမှ မမြင်ရသောကြောင့်ဟု ဆိုပါသည်။ သူ့ မျက်လုံးများသည် သူ၏ပွင့်လင်းမှုကိုပြသည်။ ရိုးသားမှုအရောင်လည်း လင်းလက်သည်။ ဖြူစင်သည်ဟုတော့ မဖွင့်ဆိုနိုင် ။ ထိုမျက်လုံးများ၏အကြည့်မှာ စိတ်ကိုဆွဲငင်သည်။ ထမင်းစားသည့်အခါတိုင်း မျက်မှန်ချွတ်ပြီးမှ စားတတ်သည်။ ထိုအခါမှ သူ့မျက်လုံးများကို အားပါးတရမြင်ရသည်။ ကျွန်တော်ကတော့ သူ့မျက်လုံးနှင့် သူ့အကြည့်ကို ချစ်သည်။ မသိုဝှက်တတ်သော ၊ မညာတတ်သောမျက်လုံးများ၏အရောင်သည် တစ်မျိုးချစ်စရာကောင်းလေသည်။ ထိုအကြည့်များက တခါတရံတွင် နာကျင်စေတတ်သော်လည်း ကျွန်တော်ချစ်သည်။
ထိုမျက်လုံးများနှင့်သူကမူ ကျွန်တော်ချစ်သည်ကို မသိဟုထင်သည်။ မသိချင်ယောင်ဆောင်ခြင်းလည်းဖြစ်နိုင်သည်။ သိလျက်နှင့် ကျွန်တော်ရှေ့မတိုးသာအောင် နေတတ်ခြင်းလည်းဖြစ်နိုင်သည်။ သူသည် ကျွန်တော့်ကို သူငယ်ချင်းအဖြစ်တော့ ချစ်ခင်သည်။ သူနှင့်ပတ်သက်၍ ကမ္ဘာပြိုသည့်နေ့လည်း ကျွန်တော့်တွင်ရှိခဲ့ဖူးလေသည်။ သူ ကျွန်တော့်ကို မချစ်နိုင်ဟု သိခွင့်ရသည့်နေ့က ဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများနှင့် သူ့အကြည့်ကို ဆက်ချစ်မြဲဖြစ်သည်။ သူ့ မျက်လုံးများသည် မညာတတ်သော ၊ မာယာမပါသောအကြည့်တည်ရာအဖြစ် ယုံကြည်မိမြဲဖြစ်သည်။ သူ့ကိုလည်း ဆက်ချစ်မြဲသာဖြစ်သည်။
Labels: Essay
1 Comment:
Subscribe to:
Post Comments (Atom)
I think it would be better if you use Zawgyi font as it is being used in most of Myanmar blogs and the color of the text would be more readable if the brightness of the font color is reduced or used other less bright color.
Sorry for my humble opinion.
Keep it up !!
and Best of luck !