အိပ်မက်တစ်ခုမက်ခဲ့တာ မေ ၂၁ ညကပေါ့.. ကျွန်တော်က တောင်ပေါ်ဒေသတစ်နေရာမှာ
ရှမ်းလိုလိုတောင်ပေါ်သားတွေနဲ့ လိုက်သွားရတယ်.. သူတို့က
ကိုယ့်ကိုဖမ်းပြီးခေါ်သွားသလိုမျိုး.. အကြမ်းပတမ်း
ကြိုးတွေဘာတွေတုပ်ပြီးခေါ်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ကို
သူတို့လူတွေဝန်းရံပြီး ခေါ်သွားခံရတာ.. ကိုယ့်ပုံစံကလည်း
အားမတန်လို့မာန်လျှော့ပြီး သူတို့နဲ့လိုက်သွားရတဲ့ပုံစံမျိုး..
သူတို့ရဲ့ရွာကိုရောက်တော့.. ရွာလူကြီးလိုလိုလူတစ်ယောက်က ကျွန်တော့်ကို
တစ်ခုခုပြောတယ်.. ပြီးတော့ ဂမုန်းပင်(ကွင်းထိုးဂမုန်းပင်)ကို
ကျွန်တော့်ရှေ့မြေပေါ်ပစ်ချပေးလိုက်တယ်.. ကျွန်တော်ကလည်း ပါးစပ်ကနေ
တစ်ခုခုပြောပြီး မြေပေါ်လဲနေတဲ့ဂမုန်းပင်ကို ရေနဲ့လောင်းလိုက်တဲ့အခါ
အပင်ကနေ ပန်းအဖူး ရိုးတံနဲ့ချက်ချင်းထွက်လာ.. ငုံရာကဖူး.. ဖူးရာကနေ
ချက်ချင်းပွင့်သွားပါတယ်.. ပန်းက နှစ်ပွင့်လားသုံးပွင့်လား မပြောတတ်ဘူး..
ဖြူဖွေးပြီးအပွင့်ခပ်ကြီးကြီးနဲ့လှတာတော့ မှတ်မိတယ်.. အဲလိုပန်းတွေ
ချက်ချင်းပွင့်လာတာမြင်တော့ ရွာလူကြီးလိုလိုလူနဲ့ တခြားသူတွေ
ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေ ပြောင်းကုန်တယ်.. အိပ်မက်က
ဒီမှာတင်ပဲပြီးသွားလေရဲ့.. အဲဒီအိပ်မက်မက်ပြီးတဲ့နောက်မှာ..
နောက်ထပ်နောက်ထပ် မမျှော်လင့်ထားတဲ့အိပ်မက်တွေ လက်တွေ့ဘ၀မှာ
ဆက်တိုက်ဖြစ်လာခဲ့တယ်.. ကိုယ့်အသားကိုယ်ဆွဲဆိတ်ကြည့်တော့လည်း အနာသားပဲ..
အိပ်မက်က ကျွန်တော့်အတွက် လှလွန်းလို့ ဒီအိပ်မက်ကနေ လန့်နိုးသွားမှာကို
စိုးရိမ်မိပါရဲ့.. ထီးစိုင်သီချင်းထဲကလို "အိပ်မက်ကလှတယ်..
ဘ၀ကရုပ်ဆိုးတယ် ထင်နေသူကို.. နှစ်သိမ့်ပါရစေ... မိုးမလင်းသေးဘူး..
အိပ်ဦးလို့.." ခပ်တိုးတိုးလာပြောပေးနေစေချင်ပါရဲ့လေ..