အခါတစ်ရာပြုံးပြသူ တစ်ခါယောင်ပြီးအမဲ့မှာ
ကြင်နာသူဘ၀ အပျက်ခံတာ....
စိုင်းထီးဆိုင်ရဲ့ ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ်” ဆိုတဲ့ သီချင်းထဲက စာသားလေးပါ.. အဲဒီသီချင်းကို ကျွန်တော် တစ်ခါမှ မကြားဖူးမိဘူး.. စိုင်းထီးဆိုင်ရဲ့ သီချင်းအဟောင်းတွေကို ပြန်နားထောင်ဖြစ်မှ ကြားဖူးတာ... သံစဉ်မဆန်းကြယ်ဘူး.. ဆိုပုံမဆန်းကြယ်ဘူး.. ဇာတ်လမ်းကလည်း မဆန်းကြယ်ဘူး.. ဒါပေမယ့် သီချင်းကိုနားထောင်ကြည့်ရင် သီချင်းတဲက ကွတ်ခိုင်သူလေးကို သနားလာ ချစ်လာတာအမှန်ပဲ.. ဒီသီချင်းကို ဘယ်သူရေးလဲ ကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုဆွဲဆောင်နိုင်တာ စာသားလေး နှစ်ကြောင်းပါ..
“အခါတစ်ရာခေါင်းယမ်းသူ တစ်ခါယောင်ပြီး အညိတ်မှာ ကြင်နာသူဘ၀ အရယူတာ” ဆိုတဲ့စာသားနဲ့ အပေါ်မှာရေးခဲ့တဲ့ စာသားလေးပါ.. စာသားလေးတွေက လှတယ်.. အဓိပ္ပါယ်လည်း ပြည့်နေလေရဲ့.. ကဗျာဆန်တဲ့သီချင်းတစ်ပုဒ်ပါ..
အဲဒီသီချင်းကိုနားထောင်ရင်း ကျွန်တော်တို့ဘ၀တွေနဲ့ ယှဉ်တွေးမိပါတယ်.. သမီးရည်းစား အချစ်ကိစ္စကိုတင်မကပါဘူး..မြောက်မြားစွာသော အချစ်အမျိုးအစားတွေကို အဲဒီစာသားလေးရဲ့အဓိပ္ပာယ်နဲ့ ချိန်ထိုးတွေးဆမိပါတယ်...
အခါတစ်ရာပြုံးပြသူ တစ်ခါယောင်ပြီးအမဲ့မှာ ကြင်နာသူဘ၀ အပျက်ခံတဲ့သူတွေ ဘယ်နစ်ယောက်များရှိနေသလဲနော်.. ကြင်နာသူဘ၀မဟုတ်ပေမယ့် ချစ်သူခင်သူတွေဘ၀ရော တစ်ခါလေးမဲ့မိရုံနဲ့ သူတို့တွေကြားမှာရှိတဲ့ ရင်းနှီးခင်မင်မှုတွေ ချစ်ခင်မှုတွေ ဘယ်နစ်ယောက်များ ကျေပျက်ခံကြသလဲ ဆိုတာကို တွေးမိပါရဲ့.. တစ်သက်လုံးမွေးလာတဲ့ကြက် တစ်မနက်တည်းနဲ့သတ်လိုက်သလိုဖြစ်တယ်ဆိုတာမျိုးပေါ့...
ဒီသီချင်းလေးကိုနားထောင်ပြီးတော့ တစ်သက်လုံးထားခဲ့တဲ့ ကိုယ့်စေတနာတွေကိုလည်း ကိုယ့်မျက်နှာတစ်ချက်ပျက်သွားရုံနဲ့ အပြစ်ပယ်ခံလိုက်ရမှာ စိုးမိတယ်.. နောက်တစ်ခုက တစ်ပါးသူ ကိုယ့်အပေါ်ကောင်းသမျှ သူ စိတ်အခန့်မသင့်လို့ တစ်ချက်မဲ့တာလေးနဲ့ မချေမိပါစေနဲ့လို့ ဆန္ဒဖြစ်မိပါရဲ့ ....
Labels: Thoughts