ဒီနေ့ည အစောကြီးအိပ်ချင်နေတယ်...
ရုံးမှာ ညအိပ်ပြီးစာဖတ်တဲ့ညတွေထဲမှာ ဒီညက အိပ်ချင်စိတ်ပေါ်တာ အစောဆုံးပဲ...
ရုံးမှာညအိပ်တယ်ဆိုတော့ စောင်ပါလား ၊ ခေါင်းအုံးပါလား ဆိုတဲ့အမေးကို သတိရတယ်..
ခုညလည်း နေးတစ်မြန်မာဖိုရမ်ထဲကွ့သျအ တော့ပစ်ကိုဖတ်ရင်းက နင်သရဲမကြောက်ဘူးလားဆိုတဲ့အမေးကို သတိရတယ်..
အဲဒီအမေးတွေကို ပြန်ကြားမိတော့ ကျွန်တော့်အိပ်ရာထဲက ခေါင်းအုံးလေးကို သတိရတယ်.. သရဲဆိုတာ ကောင်းကောင်းကန်းကန်းအခြောက်မခံရဖူး ၊ သရဲကားသိပ်မကြည့်ဖူးပေမယ့် နည်းနည်းကြောက်သလိုလို ဖြစ်လာတယ်.. နှစ်သိမ့်ပွေ့ပိုက်ပေးမယ့် လက်တစ်စုံက ကျွန်တော့်အတွက်ရှိလာဖို့တောင် မသေချာဘူး.. ဒါပေမယ့် ဒီမေးခွန်းတွေကြားခဲ့ရတဲ့ကာလလေးကို ပြန်တွေးမိတော့ စိတ်ထဲမှာနွေးထွေးလာတယ်.. လုံခြုံလာတယ်..အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိသလိုခံစားလာမိပြန်တယ်..
ကျွန်တော့်အတွက် အချစ်ဆိုတာ လိုသလား မလိုသလား မသေချာပေမယ့် တန်ဖိုးထားခံရခြင်းတော့ အသေအချာ လိုအပ်ပါတယ်.. ကျွန်တော့်ကို တန်ဖိုးထားတယ်လို့ သိလိုက်ရတဲ့အခိုက်အတန့်လေးမှာ သိပ်ကိုပျော်ရွှင်ခဲ့ရတာ တန်ဖိုးထားတဲ့သူက သိတောင်သိမယ် မထင်ပါဘူး.. အဲဒီတန်ဖိုးထားမှုအတွက် ကျေးဇူးတင်ပါတယ်.. ခုချိန်လောက်ဆို အဲဒီသူ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေရော့မယ်.. ကျွန်တော့်အတွေးတွေကြောင့် သူအိပ်မက်တွေမမက်ပါစေနဲ့ .. အိပ်ရေးမ၀မှာ စိုးလို့ ပါ..
Labels: Memories
ကိုယ်ချစ်တဲ့သူကို တန်ဘိုးမထားတဲ့ အချစ်တစ်ခုဟာလည်း တန်ဘိုးထားခံရမှာ မဟုတ်ပါဘူး။