ရာသီပေါ်အိပ်မက်

ဖေဖော်ဝါရီ ...
ရာသီလေ သိပ်မမှန်ဘူး ......။

လမ်းလျှောက်ထွက်တဲ့လေရူး
ငါ့ရပ်ဝန်းကို ခဏခဏခလုတ်တိုက်တယ်
အလွမ်းတွေက မကြာမကြာကြွေကျ ...
ဟိုတစ်စ ဒီတစ်စ .....။

နှစ်ချို့နေတဲ့ ချော့ကလက်တွေ
မှိုတက်ဖို့မေ့နေတဲ့ ငါ့အချစ်တွေက
ရယ်ဟဟ မေးနေရဲ့
ဒီတစ်နှစ်ကော......တဲ့ ။

Accounting မတတ်တဲ့ ငါ့နှလုံးသား
Balance Sheet လည်း မညှိနိုင်ဘူး
မြတ်နိုးတာလေးတစ်ခုနဲ့တင်
တမ်းတစရာတွေ ဆာနေတတ်တဲ့..ငါ့ရင်ကို
အခါလွန်ကော်ဖီတစ်ခွက်နဲ့
ကျေနပ်လိုက်ဖို့ပဲ ပြောနေရတယ် ....။

ဒီတစ်ခါရော....
ရာသီစာလေး
နင့်ကို ကျွေးခွင့်ရှိမလား
အိပ်မက်ထဲမှာတော့ ................။

၇.၂.၂၀၀၅

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews