ဒီနှစ်ပိုင်းတွေအတွင်း သေမင်းက အကောင်းသိပ်ကြိုက်တယ်လို့ ပြောရတော့မယ်.. ရုပ်ရှင်မင်းသားဒွေး ဆုံးပြီးတဲ့နောက် စာရေးဆရာတာရာမင်းဝေ ၊ နောက် အဆိုတော် စိုင်းထီးဆိုင် ဆုံးတယ်.. ခု စာပေပညာရှင် အမေ လူထုဒေါ်အမာ ဆုံးပြန်ပါပြီ.. အမေ သိပ်ကျန်းမာရေးမကောင်းဘူးလို့ ကလျာမဂ္ဂဇင်းမှာ ဖတ်မိပါတယ်.. ဒါပေမယ့် ဒီနေ့မနက်ခင်း ၈း၃၇ မှာ အမေမာဆုံးပြီလို့ သိလိုက်ရတော့ အံ့သြမိတယ်.. အမေ့အသက်က ရင့်မှည့်တဲ့အချိန် ကြွေချိန်တန်လို့ကြွေတယ်လို့ ပြောရင်ရပေမယ့် အမေ့ကို စာတွေအများကြီး ဆက်ရေးစေချင်နေပါသေးတယ်.. စာအများကြီးရေးနိုင်အောင် အသက်ရှည်ကျန်းမာနေစေချင်ပါသေးတယ်.. ဒါပေမယ့် သေခြင်းတရားက ဘယ်သူ့မို့ဆိုပြီး မျက်နှာလိုက် ချန်မထားတတ်တော့လည်း မကောင်းသူလည်းပါ ကောင်းသူလည်းခေါ်မှာပါပဲ.. အဆိုတော် ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေဖြစ်ဖို့ ဒီဘက်ခေတ်မှာ လွယ်ပေမယ့် တကယ်စာရေးကောင်းပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်တဲ့စာရေးဆရာဆိုတာ သိပ်ရှားသွားပါပြီ..
ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို စာဖတ်တာနဲ့ ကုန်လွန်တတ်တဲ့သူမို့ စာရေးကောင်းတဲ့ စာရေးဆရာတစ်ယောက်ဆုံးတာ သိပ်ကို နှမြောပါတယ်.. အမေမာ ကောင်းရာသုဂတိလားပါစေလို့ ဆုမတောင်းပေးတော့ပါဘူး.. အမေ့စာ အမေ့စေတနာတွေကြောင့် အမေဟာကောင်းရာဘ၀မွန်ကို ရောက်မှာမလွဲပါဘူး..

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews