မန္တလေးကို အလည်ပြန်လာတဲ့ မောင်လေးတစ်ယောက်က ညည်းညူပါတယ်.. လက်ဖက်ရည်ဆိုင်ထိုင်ချင်လို့ လိုက်ရှာလိုက်ရတာ.. ဘီယာဆိုင်တွေက မှိုလိုပေါက်.. လက်ဖက်ရည်ဆိုင်တွေက ကြားညပ်ပြီး ပျောက်နေတယ်တဲ့.. ကျွန်တော်တို့လမ်းထဲ ရှမ်းခေါက်ဆွဲဆိုင်လေးက တရုတ်မလည်း ရှမ်းဆိုင်ဆက်မဖွင့်တော့ဘူး.. ဘီယာနဲ့ အကင်ဆိုင် သွားဖွင့်နေပြီတဲ့.. ရုံးနားက မင်းသီဟလက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့ အရင်နေရာမှာ ဘီယာဆိုင်က ဟီးလို့.. ရုံးကအပြန် လမ်းတလျှောက်လည်း ဘီယာဆိုင်တွေက မီးရောင်စုံတလက်လက်နဲ့ ဆိုင်ကယ်အပြည့်ပါပဲ.. ဒါဟာ ကောင်းခြင်းလက္ခဏာလား ဆိုးခြင်းလက္ခဏာလား.. ကောင်း၏ ဆိုး၏ ယတိပြတ်ပြောလို့ ရပါ့မလား စဉ်းစားမိပါတယ်.. ဘာသာရေးရှုထောင့်ကကြည့်ရင်တော့ ကံတစ်ပါးကျိုးဖို့အခွင့်အရေးများလာတယ် ပြောရမှာပဲ.. စင်တင်တေးဂီတဘာညာပါလာရင် အင်း.. ကျိုးမယ့်ကံတွေ နောက်ထပ်တိုးလာမယ်.. ဆိုတော့ ဘာသာရေးဘက်ကကြည့်ရင် မကောင်းဘူးလို့ အဖြေထွက်မယ်လို့ ယူဆပါတယ်.. ဒါဖြင့် ကျန်းမာရေးကကြည့်ရင်ရော.. တလောလေးက planet မှာ ဘီယာဟာ အရိုးကိုသန်မာစေပြီး အရိုးနဲ့ ပတ်သက်တဲ့ရောဂါတွေ ကာကွယ်ပေးတယ်ဆိုတဲ့သတင်း ဖတ်လိုက်ရပါတယ်.. အလွန်အကျွံဆိုရင်တော့ သူလည်း ဆိုးကျိုးရှိမယ်လို့လည်းသတိပေးထားပါတယ်.. ဒါဆို ဘီယာဆိုင်တွေပေါလာတာ ကြိုဆိုရမလားပေါ့.. အရိုးကို သန်မာစေတယ်ဆိုတာကိုး.. အာရှဖွားအမျိုးသမီးအများစုက အရိုးကြွပ်ဆတ်တာ၊ အရိုးပွရောဂါဖြစ်လွယ်ပါသတဲ့.. ဆိုတော့ ကိုယ်တောင် ဘီယာစွဲသောက်ကြည့်ရတော့မလား တွေးမိသေးတယ်.. ဘီယာတစ်ဂျားကို ၅၀၀ ကျပ်ပဲဆိုတာကိုး.. ဒါပေမယ့် ဘီယာဗိုက်ဆိုတာ မျက်စိထဲမြင်ကြည့်လိုက်တော့ အဲဒီအတွေးကို လက်လျှော့လိုက်ပါတယ်..း) ဘီယာကို မသောက်ဖူးလို့ ဘီယာသောက်ဖူးတဲ့သူငယ်ချင်းတွေကို မေးကြည့်ပါတယ်.. ပထမနှစ်ခွက်လောက်ပဲ အရသာရှိတယ်.. ဒါတောင် ဘီယာကလည်း အေးစိမ့်နေမှ၊ ထည့်တဲ့ခွက်ကလည်း ရေခဲစိမ်ခွက်မှ သောက်လို့ကောင်းပါသတဲ့ .. အဲလိုဆိုရင်တော့ လူက လန်းဆန်းတက်ကြွသွားတယ်ဆိုပဲ.. (မေးထားမိတဲ့ ဘီယာသောက်နည်းပါ ) နှစ်ခွက်ထက်ကျော်ရင်တော့ ရီတီတီဖြစ်လာတဲ့အတွက် မူးတာကိုမကြိုက်ရင် နှစ်ခွက်က အကောင်းဆုံးပါတဲ့.. ဘီယာဟာ ဗိုက်ရွှဲတာလောက်ကလွဲပြီး ထူးထူးထွေထွေမကြားဖူးတော့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဘာမှသိပ်ပြောစရာမရှိသလိုပါ.. ဒါပေမယ့် ဘီယာနဲ့ တွဲရောင်းတဲ့အကင်ကတော့ ပြသ၁နာရှိပါတယ်.. ကာဗွန်တွေလွှမ်းထားတဲ့ အကင်တွေဟာ ကင်ဆာဖြစ်နိုင်ခြေပိုများတဲ့အကြောင်း ဆရာဝန်တွေနဲ့ ကျန်းမာရေးစာစောင်တွေမှာ ဖတ်ဖူးပါတယ်.. ဆိုတော့ အကင်တွေအရောင်းများလာတာ ကျန်းမာရေးရှုထောင့်အရ မကောင်းဘူးလို့ မြင်မိပါတယ်.. ဘီယာဆိုင်ဆိုတာ အရင်က ယောက်ျားလေးပဲ အထိုင်များလိမ့်မယ်.. နောက်ပိုင်းကျ တခြားအစားအသောက် (မာလာဟင်း၊ အကင်..စတာတွေ )ရလာတော့ မိန်းကလေးတွေပါ ထိုင်ကြတယ်.. အကင်အစားများမယ့်သူက မိန်းကလေးတွေလို့ မှန်းကြည့်မိပါတယ်.. ကျွန်တော်တို့လည်း သူငယ်ချင်းတွေနဲ့အတူ ဘီယာဆိုင်ထိုင်ဖူးတယ်.. ဘီယာမသောက်ဘဲ အကင်စားလိုက် ၊ ဟင်းစားလိုက် လုပ်ခဲ့ကြတာဆိုတော့လေ.. ဘီယာတော့ တော်သင့်ရုံသောက်ချင်သောက်.. အကင်တော့ အများကြီးမစားမိအောင် သတိထားကြပါလို့ပဲ ပြောရတော့မယ်.. လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကနေ ဘီယာဆိုင်ယဉ်ကျေးမှုကိုပြောင်းနေတဲ့ အကူးအပြောင်းကာလမှာ သတိထားစရာတွေပါ..

2 Comments:

  1. thaingarra said...
    ဘီယာဆိုင် ယဉ်ကျေးမှု တဲ့လား ...

    မြန်မာတွေ စားဝတ်နေရေး ကျပ်တည်းနေတယ် ဆိုတာ

    လျှောက်ပြောတာပါ လို့ ၊ မိုးလုံးပြည့် မုသာဝါဒ လို့

    သူတို့တွေ ပြောတုန်းက မဖြစ်နိုင်ဘူး ထင်နေတာ ။

    ဟုတ်ပဗျာ ...။ မန္တလေး က လူချမ်းသာတွေ

    ပိုများလာတယ် ထင်ပ ... :)
    Nwai Hninn said...
    လူတွေက ဒီအတိုင်းသာ ပိုက်ဆံမရှိဘူးဖြစ်နေကြတာ.. ဘီယာသောက်ဖို့ ဆို ဘယ်ကနေပိုက်ဆံတွေ ထွက်လာမှန်း မသိဘူးလို့ .. ဘီယာဆိုင်အကြောင်းပြောရင်းနဲ့ ပြောဖြစ်ကြသေးတယ်..

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews