ဆည်းဆာဆိုရင် နေ၀င်ချိန်ကိုပဲ ပြေးမြင်တတ်ကြပါတယ်.. မနေ့က မေလထုတ် သူရဇ္ဖမဂ္ဂဇင်းဖတ်မိတော့မှ ဆည်းဆာချိန်လေးမျိုးရှိတဲ့အကြောင်း သိရတယ်.. စာရေးသူအမည်က စရဏပါ.. ဆည်းဆာဆိုတာ “ကူးပြောင်းချိန်”လို့ အဓိပ္ပာယ်ရှိပါသတဲ့.. ဆည်းဆာအမျိုးအစားလေးမျိုးက အရုဏ်ဦးဆည်းဆာ (ညဥ့်အမှောင်ပျောက် နေ့အလင်းသို့ ကူးပြောင်းဝင်ရောက်ချိန်) ၊ မွန်းတည့်ဆည်းဆာ (မနက်ခင်းကနေ မွန်းလွဲချိန်ကို ကူးပြောင်းတဲ့အချိန်) ၊ နေ၀င်ဆည်းဆာ (နေ့အချိန်မှ ညဥ့်ဦးယံသို့ ကူးပြောင်းချိန်) ၊ သန်းခေါင်ယံဆည်းဆာ (ညဥ့်ဦးယံအချိန်မှ ညဥ့်လယ်ယံသို့ ကူးပြောင်းချိန်) ဆိုပြီး လေးမျိုးရှိတယ်လို့ မှတ်သားရပါတယ်.. မြန်မာစာက၀ိများအတွက်မဟုတ်ဘဲ ကျွန်တော့်လို ဆည်းဆာအမျိုးအစားတွေ ခွဲခြားမသိသေးသော လူများအတွက် ဝေမျှလိုက်ပါတယ်ဗျာ.. ခုပြောသွားတဲ့ဆည်းဆာအချိန်တွေကို အင်္ဂလိပ်လို စကားလုံးများရှိမယ်ထင်ပါတယ်.. ဝေမျှပေးနိုင်ရင် ကောင်းပါမယ်.. ကျွန်တော်သိတာတော့ dawn နဲ့ sunset ..

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews