စာတစ်အုပ်ရဲ့ လွမ်းချင်း

ပထမဆုံးနဲ့ နောက်ဆုံးလို့ ရွယ်ရည်
ပန်းနံ့ မွှေးမွှေး ခေါင်းအုံးဘေးကနေရာလေးကို စွန့် ခဲ့ပြီ...
နဖူးစွန်းမှာ ပိုင်သူရဲ့ အမည်တပ်
အနောက်မှ အရှေ့ သို့ ခရီးထွက်....။

တိုက်ခိုက်မှုအနည်းဆုံးယာဉ်ထက်
ယာယီလက်မှာ ပျော်တော်ဆက်....
ဝါးလုံးမကွဲ အပြုံးမစဲစေ
အသက်သွင်းသူရဲ့ စေတနာတွေ
တစ်မျက်နှာချင်း လှစ်ဟခြွေ
နွေနေမှာ လေပြေမသွေးနိုင်လည်း
စိတ်နှလုံးတွေ ကြည်စေ အေးစေ.....။

တေလေလိုလွင့် မြေမှာပင်မွေ့ ချင်လည်း
ပန်းတစ်ပွင့်အိပ်မက် အသက်ဆက်ရအောင်
ငြိုငြင်မှာလည်း သိနေ...
မလိုချင်ရင်လည်း ရှိစေ..
သေရေးရှင်ရေးအဖြစ် အရေးမကြီးတဲ့ကောင်အနေနဲ့ 
ထားရာမှာနေဖြစ်တော့မယ်
မင်းလက်က အယုအယတွေ
ခပ်ဖွဖွအနမ်းလေးတွေ
ပန်းစုံသင်းတဲ့ ဆံနွယ်တွေ
လွမ်းးး လွမ်းတယ်လေလေ့... ပန်းကလေးရေ...။

နွေနှင်း
5:00 pm to 7:10 pm

2 Comments:

  1. thaingarra said...
    ညကြီးမင်းကြီး ဖတ်လိုက်ရတဲ့ ကဗျာတစ်ပုဒ် ...

    ကြည်နူးခြင်း ရသ မပါဘဲ ရေးဖွဲ့ထားတဲ့ ကဗျာကို

    အမှန်အတိုင်း ပြောရရင် ခုလိုရက်တွေ ထဲ

    ကျွန်တော် သိပ်မဖတ်ချင်ဘူးရယ် ........
    Nwai Hninn said...
    ကြည်နူးခြင်းရသပါဖို့ ရေးသူကိုယ်တိုင်က ကြည်နူးစရာခံစားနေမှ ဖြစ်မယ်..

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews