ချစ်သူရေ...

မန်းရဲ့ဆောင်းက မပီတပီအနေအထားကနေ ပီပြင်လာပြီ.. အေးချမ်းတဲ့အရိပ်တွေနဲ့..
ခပ်စိမ့်စိမ့်လေးဖြစ်နေပြီ.. ချစ်သူကို သတိရတယ်.. လွမ်းတယ်ဆိုတာထက်..
အေးအေးငြိမ့်ငြိမ့်လေးနဲ့ သတိရတာ.. အအေးကြောက်တဲ့ချစ်သူကို
ရွှေမန်းရဲ့ဆောင်းတွင်းမှာ ရှိမနေစေချင်တာတော့အမှန်ပဲ.. တောင်ပေါ်က
ထင်းရှူးပင်နဲ့ချယ်ရီကြားက မြေနီလမ်းမှာတော့ ချစ်သူနဲ့အတူလက်တွဲ
လျှောက်ချင်တယ်.. ဆောင်းရယ် နှင်းရယ်..ကိုယ့်ချစ်သူရယ်..
အတူတူပါပဲကွယ်လို့.. ချစ်သူပြောတာကြားချင်ပါရဲ့..

ချစ်သူရဲ့ချစ်သူ...

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews