ပြာရင့်မှောင်
ဖျတ်ခနဲ တစ်ချက်အလင်းနဲ့
ဆတ်ခနဲ ရှေ့ဆက်တိုး....။
အနားသတ်က ဖျော့တော့လွန်း
ခုချိန်ထိ မည်းမည်းမှောင်...။
တိတ်တဆိတ်ပျောက်သွားတော့မှာလား
အကြိမ်ကြိမ်စဉ်းစား...။
ပြာသလိုလိုနဲ့ ရင့်လွန်းတဲ့အမှောင်
တစ်ထောင့်တစ်နေရာက ဖျတ်ခနဲအလင်းတွေဝါးဝါးမျိုဆဲ
ဘယ်တော့များမှ လင်းချင်းမလဲ....။

နွေနှင်း(gcc-mdy)
18-Feb-2012



3 Comments:

  1. သိ င်္ဂါ ရ said...
    အဲလို အရောင်ကို မြင်အောင်

    စကားလုံးနဲ့ ပြလို့ ရတယ် ... ဟုတ်လား :)
    သိ င်္ဂါ ရ said...
    အရောင်ကို မြင်သာအောင် ...

    အဲလို စကားလုံး နဲ့ ပြလို့ ရတယ် ...

    ဟုတ်လား ... :)
    နွေနှင်း said...
    ဟုတ်ပ.. ပန်းချီမှာမှ အရောင်နဲ့ စကားပြောနိုင်တာမဟုတ်ဘူး.. ကဗျာမှာလည်း အရောင်နဲ့ ပြောလို့ရတယ်...

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews