ဒီဇင်ဘာပုံပြင်

ဒီဇင်ဘာ နှင်းတောထဲကပုံပြင်
သက်မ၀င်ခင်
နိုဝင်ဘာမိုးပြေးကအစဲ
နှင်းတို့က ခပ်သည်းသည်းရွာခဲ့တယ်..။

နွေရောက်ရင် နှင်းပျောက်မယ်အတွေးနဲ့
နှင်းကိုအရာမသွင်း
ခြေရင်းမှာကြွေဆင်းတာကိုပဲ ရပ်ကြည့်နေခဲ့..။

တရွေ့ရွေ့ပျော်ဆင်းတဲ့နှင်း
ကြွေရင်းပျော်ရင်း ခြေနဲ့နင်းသွားတောင်
ကျေနပ်ဆဲပါပဲတဲ့....။

ဖြစ်ပြီးရင်ပျက်မယ့်အရာပါပဲ
ချစ်သူ့ခြေဖျားနု
နှင်းရည်ဆွတ်ရင်းသာ
ပျက်ယွင်းပါရစေလားကွယ်..။

1 Comment:

  1. Ko PoeThar Blog said...
    'DZifbmn tjyma&mif aEGESif;Mum;rSm

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews