မနေ့က စနေနေ့ပါ.. စနေဟာ ကျွန်တော့်အတွက် အငြင်းအခုန်နေ့တွေအဖြစ် ရောက်လာတတ်တယ်...

စနေနေ့ဖြစ်တဲ့ မနေ့ကလည်း အငြင်းအခုန်တစ်ခုဖြစ်တယ်.. ငါးအကြေးခွံကို ကြော်စားလို့ရတယ် လို့ ကျွန်တော်ကပြောပြတော့ မစားဖူးတဲ့သူတွေနဲ့ အငြင်းအခုန်ဖြစ်ကြတာပါ..

ငါးအကြေးခွံကို ကြော်စားလို့ရတာ သိကြသလားမပြောတတ်ဘူး.. အများစုက မစားဘဲ လွှင့်ပစ်လိုက်တာများပါတယ်.. ငါးအကြေးခွံနဲ့ ငါးအရေခွံမတူဘူးနော်.. အဲဒါကို ကျွန်တော်သိတယ်..ငါးအရေခွံပဲကြော်စားလို့ရတာပါဆိုပြီး အတင်းငြင်းမယ်စိတ်ကူးရင် စမ်းသပ်ကြည့်လိုက်ပါလို့ပဲ ကျွန်တော်ပြောနိုင်မယ်.. .. ငါးအကြေးခွံကို ကြော်စားဖို့ ငါးအကြေးခွံရယ်၊ဆီရယ်၊ ဆားရယ်၊ ဆနွင်းရယ်ရှိရင်ရပြီ.. ဘာအာဟာရ ရလဲ စားစရာ ဘာအသားရှိလို့လဲ မေးရင်တော့ ဘာအာဟာရမှ မရဘူး.. ဘာအသားမှ ၀ါးစရာမရှိဘူးလို့ ဖြေရပါမယ်.. ဒါပေမယ့် ပျင်းပျင်းရှိရင် တကြွပ်ကြွပ်ဝါးပြီး ရေနွေးကြမ်းနဲ့ မြည်းလို့ရတယ်.. Snack လိုမျိုးပေါ့..

ဘာငါးတွေရဲ့အကြေးခွံကို စားလို့ရလဲမေးရင် ကျွန်တော်သိတာတော့ ငါးကြင်းအကြေးခွံပဲ.. ကျန်တဲ့ငါးတွေကိုတော့ မစမ်းသပ်ကြည့်ဖူးဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်တို့အိမ်က ငါးသိပ်မကြိုက်တော့ကာ ငါးအမျိုးမျိုး မစားဖြစ်ဘူး.. ငါးကြင်းလောက်ပဲ စားဖြစ်တော့ ငါးကြင်းအကြေးခွံပဲ ကြော်စားဖူးတယ်ပေါ့ဗျာ....

ပြောမယုံ ကြုံဖူးမှသိတဲ့.. ကြုံဖူးတဲ့သူပြောတာကို မကြုံဖူးတဲ့သူတွေက မဖြစ်နိုင်ဘူးလို့ မျက်စိမှိတ်ငြင်းတတ်ကြတာ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတယ်.. အဲဒီအကြောင်းကို အွန်လိုင်းက သူငယ်ချင်းတွေနဲ့ရော အပြင်ကသူငယ်ချင်းတွေနဲ့ပါ အသည်းအသန်ငြင်းခုန်ခဲ့ရတယ်ဆိုပါတော့..

ကိုယ်မကြုံဖူး မသိဖူးတဲ့ ကိစ္စတစ်ခု၊ အကြောင်းအရာတစ်ခုကို စမ်းသပ်ကြည့်ဖို့ အကုန်အကျလည်းမများဘူး.. စမ်သပ်ဖို့လည်းလွယ်တယ်.. ကိုယ့်ကိုလည်း ဘာမှအထိအခိုက်မရှိနိုင်ဘူးဆိုရင် အဲဒါဟာ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ငြင်းနေတာထက် ကောက်ပြီးစမ်းသပ်ကြည့်လိုက်တာက ပိုကောင်းမယ်ထင်ပါတယ်.. ကျွန်တော်သာဆို စမ်းသပ်ကြည့်လိုက်မှာပဲ.. တကယ်မဖြစ်ဘူးဆိုမှ တစ်မျိုးပေါ့..

2 Comments:

  1. Unknown said...
    Try Fri!
    I see ur talent!
    Carry on ........
    By

    KZ(ucsm):
    U Hteik said...
    kyaw pe thar shi yin myee kyi chin par tel . . .

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews