အဆုံးသတ်ကို စတင်ခြင်း (သို့) လေပြေငယ်-၁၇

လေပြေငယ်....
လောကအနှံ့ ခြေဆန့်တော့မယ်ပေါ့ .....။

မထင်ခဲ့ဘူးကွယ်
မထင်ခဲ့ပါဘူး
ငါ့ရပ်ဝန်းမှာ
တိတ်တဆိတ် ငွေ့ရည်ဖွဲ့ ရဦးမယ်လို့
မထင်ထားခဲ့ဘူး .........။

တိတ်ဆိတ်သွားတဲ့ ဆည်းလည်းတွေ
ငြိမ်သက်သွားတဲ့ ရေအပြင်
ဆွံ့အ,သွားတဲ့ ၀ါးရုံပျို
................
................
ပြီးတော့
တစ်ကျော့ပြန် မုန်တိုင်းထဲ
မျော့မျော့ကျန်ခဲ့တဲ့ ငါ့နှလုံးသား
မျက်ရည်တွေနဲ့
နေရောင်မှာ တောက်ပစိုလက်နေရဲ့ .....။

သွားပါကွယ်
သွားပါတော့ ......
ချယ်ရီတောမှာ
ပျော်မောမယ့်ခြေလှမ်းသစ်တွေနဲ့
မင်းနယ်ပယ်ကို ချဲ့လိုက်ပါဦး
လေပြေငယ်.......။

၂၀၀၆

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews