၂၀၀၇ နှစ်ဦးပိုင်းထိ ရေးဖြစ်ခဲ့တဲ့ လေပြေငယ် ကဗျာတွေဟာ ၁၈ ပုဒ်အရမှာ ပြီးသွားခဲ့ပါပြီ.. ဟိုအရင်ကထင်ခဲ့ဖူးတယ်.. မနှိုင်းကောင်းနှိုင်းကောင်း ဆရာဇော်ဂျီက ဗေဒါလမ်းကဗျာ (၄၁) ပုဒ်ကို သူ့တစ်သက်တာမှာ ရေးသွားခဲ့တယ်.. ကျွန်တော်ကလည်း လေပြေငယ်ကဗျာကို နံပတ်စဉ်အများကြီးနဲ့ တစ်သက်လုံးရေးသွားဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ရောက်ခဲ့ဖူးပါတယ်..

ခုတော့လည်း အဲဒီအတွေးတွေက အတိတ်မှာကျန်ခဲ့ပါပြီ... အရင် အတိတ်နေ့ရက်တွေတုန်းက လေပြေငယ်ကဗျာတွေဖတ်ရင် အဲဒီကဗျာတွေရေးစဉ်က ခံစားချက်ကို ပြန်ရပါတယ်.. ခုလေးတင်ပဲ လတ်လတ်ဆတ်ဆတ်ကြီး ဖြစ်သွားသလို ကဗျာဖတ်တိုင်း ပြန်ပြီးခံစားရတာပါ.. ခုတော့ ဒီကဗျာတွေက ခံစားချက်ကို ကိုယ်စားမပြုနိုင်တော့ပါဘူး.. အဖြစ်အပျက်တစ်ခုကိုပဲ ကိုယ်စားပြုနိုင်ပါတော့တယ်... ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ကိုယ်စားပြုပါတော့တယ်..

ကဗျာနဲ့ပတ်သက်တဲ့ ၊ လေပြေငယ်ကဗျာကိုဖတ်တိုင်းရတဲ့ ခံစားချက်ကတော့ လေပြေနဲ့အတူ ပါသွားခဲ့ပါပြီ..ကျွန်တော့်ဘ၀မှာ လေပြေလည်းချုပ်ငြိမ်း.. မုန်တိုင်းလည်းရုပ်သိမ်းသွားခဲ့ပြီ.ဆည်းလည်းသံကိုလည်း မကြားရတော့သလို ၀ါးရုံပျိုတွေလည်း မလှုပ်ခတ်တော့ပါဘူး... ပန်းစုံတောက လေပြေပုံပြင်တွေလည်း ဘယ်သူကမှ မပြောအားကြတော့ပါဘူး..ဒါကိုပဲ ဘ၀လို့ခေါ်တယ်ထင်ပါရဲ့.. ဖြစ်ချိန်တန်ဖြစ်သွားခဲ့ပြီး ပျက်ချိန်တန် ပျက်သွားခဲ့တော့တာလေ...

2 Comments:

  1. JulyDream said...
    Tardu Tardu Tardu...
    Nwai Hninn said...
    Oh...You got "A Mya" now. :P

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews